Crypto ကို ဝယ်Crypto ကို ဝယ်ရောင်း လုပ်နေကြတဲ့ Beginner လေးတွေအတွက် မဖြစ်မနေသိထားသင့်တဲ့ “Fear and Greed Index” အကြောင် လုပ်နေကြတဲ့ Beginner လေးတွေအတွက် မဖြစ်မနေသိထားသင့်တဲ့ “Fear and Greed Index” အကြောင်းကို ပြောပြပေးသွားပါ့မယ်။

Crypto မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေအတွက်Crypto Coin တစ်ခုခုကို ဝယ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် Fear and Greed Index ဆိုတာ မဖြစ်မနေသိထားသင့်တဲ့ အညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။ လက်ရှိဈေးကွက်ဟာ Undervalued ဖြစ်နေလား Overvalued ဖြစ်နေလားဆိုတာကို အချက်အလက်တွေ (Supportive Data) ၊ ဂရပ်တွေ (Charts)၊ အခြေခံအချက်တွေ (Fundamentals) နဲ့ ဈေးကွက်ရဲ့ Market Sentiment တွေကို သိဖို့လည်း လိုအပ်ပါသေးတယ်။

Fear and Greed Index ဆိုတာ Crypto ဈေးကွက်မှာ လူတွေဟာ စိုးရိမ်စိတ်များပြီး ထုတ်ရောင်းရမလား ၊ ဝယ်ဖို့ ကြောက်ရွံ့နေသလားဆိုတဲ့ ဈေးကွက်ရဲ့ အခြေအနေကို 0 ကနေ 100 အထိ Scale နဲ့ တိုင်းတာပေးတာပဲဖြစ်ပါတယ်။ 0 မှတ် ဟာ အလွန်အမင်း ကြောက်ရွံ့မှု (Extreme Fear) ကို ပြပြီး 100 မှတ် ဟာ အလွန်အမင်း လောဘကြီးမှု (Extreme Greed) ကို ပြသပါတယ်။ 50 မှတ် ကတော့ ဈေးကွက်ဟာ ကြားနေ (Neutral) အခြေအနေမှာ ရှိတယ်လို့ မှတ်ယူလို့ ရပါတယ်။ ဒီအခြေအနေဟာ ရင်းနှီးမြှုပ်နှံသူတွေက လိုတာထက် ပိုရောင်းချတာ (Overselling) က ဈေးကွက်ကျဆင်းမှု (Bearish Trend) ကိုရောက်သွားစေနိုင်သလို လောဘကြီးပြီး ဝယ်နေမယ်ဆိုရင်တော့ ဈေးနှုန်းဟာ တန်ဖိုးထက် ပိုများနေပြီး (Overvaluation) နဲ့ Market Bubble ဖြစ်နိုင်ခြေရှိပါတယ်။

0 – 24 ဟာ Extreme Fear အဆင့်မှာရှိနေပြီး Crypto Coin တွေကို သူများတွေ ရောင်းတိုင်း ရောင်းလဲ မရောင်းရဲတဲ့ အခြေနေတစ်ခု ရောက်နေတာဖြစ်ပါတယ်။ စျေးကွက်ပြိုလဲသွားပြီးအရှုံးပေါ်မှာ ကြောက်တဲ့အတွက် အခြားသူတွေ ရောင်းတဲ့အတိုင်း လိုက်ရောင်းချင်ကြ ပြီး စျေးတွေ ကျဆင်းတတ်ပါတယ်။ ဒါပေမဲ့ ရေရှည်ရင်းနှီးမြှုပ်နှံသူတွေ အတွက်တော့ ဒီလိုအချိန်ဟာ စျေးပေါပေါနဲ့ ဝယ်ယူဖို့ အခွင့်အရေး (Buying Opportunity) ဖြစ်နိုင်ပါတယ်။

25 – 49 ဟာ Crypto Coin တွေကို ဝယ်လိုက်ရတော့မလား ၊ ရောင်းလိုက်ရတော့မလားဆိုပြီး market ကို တစ်ချိန်လုံး မျက်ခြေမပြတ် စောင့်ကြည့်နေချိန်လို့ ဆိုရပါမယ်။ ကြားနေအခြေအနေ (Neutral – 50) ကို ဦးတည်နေတာဖြစ်ပြီး ဈေးကွက်တည်ငြိမ်စပြုလာတာ ၊ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေ အရင်ကလောက် စိတ်ခံစားချက် မများတော့တဲ့ အခြေနေတစ်ခုပါ။

50 – 74 ကတော့ Fear ကနေ Greed ဆိုတဲ့ လောဘသားကောင်ဘက်ကို ကူးပြောင်းသွားတဲ့ အချိန်ဖြစ်သွားပါပြီ။ ဈေးတွေ ဆက်တက်လာလို့ Profit Taking လုပ်မဲ့သူတွေ သတိထားသင့်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ FOMO ဝင်သူတွေနဲ့ ဈေးအကျကို စောင့်နေတဲ့သူတွေ ဆိုပြီး အုပ်စုနှစ်ခု ဖြစ်သွားတဲ့ အချိန်လို့ ပြောလို့ရပါတယ်။

75 – 100 ကတော့ Extreme Greed အလွန်အမင်း လောဘတက်ကြချိန်ပါပဲ။ ဒီအချိန်ဟာ ဈေးတွေ တောက်လျှောက်တက်နေတာကြောင့် သတိထားရမယ့် အချိန်ဖြစ်ပါတယ်။ အမြတ်ရမှာကို လက်လွတ်မခံချင်တဲ့ FOMO ဝင်နေတဲ့ အချိန်လို့ ပြောလို့ ရပါတယ်။များသောအားဖြင့်က ဒီအချိန် Fundamentals ထက် Emotion(စိတ်ခံစားချက်)တွေနဲ့သာ အရောင်းအဝယ်လုပ်ကြတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ ဒီလိုအ​ခြေအနေဟာ Take Profit ယူဖို့ အကောင်းဆုံး အချိန်လို့ ဆိုရမှာပါ။

ဒါ့ကြောင့် ပြောချင်တာက Crypto ကို စိတ်ဝင်စားပြီး လေ့လာတော့မယ်ဆိုရင် စိတ်ခံစားချက်တွေအတိုင်း လိုက်လုပ်လို့မရပါဘူး။ အပေါ်မှာပြောပြခဲ့တဲ့ Index တွေအပြင် Volatility , Market Momentum /Volume ,Social Media ,Bitcoin Dominance , Google Trends နဲ့ Survey Results စတဲ့ အချက်အလက်တွေ ကနေ ပြန်ထုတ်ပေးတဲ့ အညွှန်းကိန်းတွေကိုလည်း လေ့လာဖို့လိုပါတယ်။ Do Your Own Research – DYOR ဆိုတဲ့ စကားအတိုင်း သေချာလေ့လာပြီး ကိုယ် အဆုံးရှုံးခံနိူင်မဲ့ ပမာဏကိုသာ ရင်းနှီးမြှုပ်နှံပါလို့လည်း အကြံပြုချင်ပါတယ်။

#FearandGreed

#knowledge

#cryptos