အခုတလောမှာ crypto နဲ့ပတ်သက်လို့ အလိမ်အညာတွေကို community ထဲမှာရော၊ ပြည်ပ community တွေမှာပါ အတော်လေးပြန်တွေ့လာနေရပါတယ်။ အများစုကတော့ မဲပြာပုဆိုးလိမ်နည်းကြီးတခုဖြစ်တဲ့ ကူညီပေးမလိုလိုနဲ့ ခင်မင်မှုတွေကို အခွင့်ကောင်းယူပြီး လိမ်လည်သွားတတ်ကြတာမျိုးပါ။ ဒီလိုကိစ္စမျိုးတွေဖြစ်ရင် ဘယ်သူ့အပြစ်ရယ်လို့ မဆုံးဖြတ်ခင်မှာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ ရင်းမြစ်ကို ဆန်းစစ်ဖို့က အရေးကြီးပါတယ်။ ဒီလိုဆန်းစစ်လိုက်တဲ့အခါမှာ စိတ်ချရတဲ့ ကြားခံလူမရှိဘဲ အရောင်းအဝယ်လုပ်ကြတာက အဓိကပြဿနာတခုဖြစ်နေပါတယ်။ သူ့လည်းကိုယ်မယုံ၊ ကိုယ့်လည်းသူမယုံဖြစ်နေတဲ့ အနေအထားတခုကြားကနေပဲ ငွေလွှဲလိုက်ကြရာကနေ အလိမ်ခံကြရတာပါပဲ။

.

ဒီအခါမှာ ယုံကြည်ရတဲ့ ကြားခံလူဆို ဘယ်သူ့ကို သုံးလို့ရမလဲဆိုရင်တော့ Binance ရှိပါတယ်။ Binance မှမဟုတ်ပါဘူး၊ P2P ဝန်ဆောင်မှုပေးတဲ့ CEX မှန်သမျှကတော့ အတိုင်းအတာတခုထိ ယုံလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီ CEX တွေထဲမှာမှ အကြီးဆုံးဖြစ်တဲ့ Binance P2P ကို ဥပမာအနေနဲ့ သုံးသွားပါမယ်။ Binance ပေါ်က P2P zone ပေါ်မှာ support ပေးထားတဲ့ ငွေကြေးပေါင်း 100 ကျော်အတွက် ငွေပေးချေမှုပုံစံပေါင်း 700 ကျော်ကို စိတ်ကြိုက် အရောင်းအဝယ်လုပ်လို့ရနိုင်ပါတယ်။

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ကိုယ်သုံးချင်တဲ့ payment method ကို တဖက်သူကလည်း support ပေးထားတယ်ဆိုရင်ကို အရောင်းအဝယ်ဖြစ်ပါပြီ။ ဒါဆိုရင် ဘာထူးမှာလဲဆိုရင်တော့ တဖက်နဲ့တဖက် အရောင်းအဝယ်လုပ်ကြချိန်မှာ Binance က ကြားထဲကနေ ငွေကိုင်ပေးထားတာက ထူးသွားတာပါပဲ။

တဖက်က မြန်မာငွေလွှဲတာရောက်မရောက်ကို စစ်ဆေးအတည်ပြုပြီးပြီဆိုမှ Binance က သူကိုင်ထားတဲ့ USDT ကို တဖက်လူဆီ ထည့်ပေးလိုက်မှာဖြစ်လို့ စိုးရိမ်မှုအနည်းဆုံးနဲ့ အရောင်းအဝယ်လုပ်နိုင်မှာပါ။

.

P2P ကိုစမ်းသုံးဖို့ ဘာဆိုဘာမှမသိသေးတဲ့ လူသစ်လေးတွေ၊ တခုခုအမှားလုပ်မိမှာကို ကြောက်တဲ့အသစ်လေးတွေအတွက်ဆို Binance က P2P ထဲမှာ New P2P User trading zone ဆိုတာကိုပါ စီစဉ်ပေးထားပါသေးတယ်။ ဒီထဲမှာဆိုရင် စိတ်အချရဆုံးနဲ့ အတွေ့အကြုံအရှိဆုံး Verified Merchant တွေကိုပဲ ပြပေးထားမှာဖြစ်သလို merchant တွေကလည်း တွဲခေါ်ပေးသွားမှာဖြစ်လို့ အမှားအယွင်းမရှိဘဲ လုံလုံခြုံခြုံ စတင်နိုင်ပါတယ်။